Computer Mouse Right Click Background ထည့်နည်း

ကဲ.....ဒီတခါ သူငယ်ချင်းတို့ ကို Software နောက်တခု့ ပေးမယ် ။
သူငယ်ချင်းတို့  ကွန်ပျူတာမောက်စ်ကို Desktop ပေါ်မှာပဲ ဖြစ်ဖြစ် Folder တွေပေါ်မှာပဲ ဖြစ်ဖြစ်
Right Click့ နှိပ်ရင် ပေါ်လာတဲ့  Pop-up Menu မှာ သူငယ်ချင်းတို့ ရဲ့ စိတ်ကြိုက်ပုံလေး
ထည့်ကြည့်ရအောင် ။အောက်မှာပြထားတဲ့ ပုံစံလေး ဖြစ်သွားအောင်လုပ်မှာပါ ။












အသုံးပြုပုံလေးပါ ရှင်းပြလိုက်မယ်နော် ။ အရင်ဆုံး ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ပါ။
ရလာတဲ့ ဆော့ဝဲလ် Icon လေးကို Right click တချက်နှိပ်ပါ ။(မှတ်ချက် ။ Left click ၂ချက်မနှိပ်ပါနဲ့ ။အဲဒါဆို ဆော့ဝဲလ်က
အလုပ်မလုပ်ပါဘူး ။) ။ပီးရင်အဲဒီ Right click Pop-up Menu ထဲမှ ဒုတိယ အကြောင်း Run as administratorလေးကို ကလစ်လိုက်ပါ ။ဒါဆိုရင်
အောက်က ပုံမှာပြထားတဲ့ အတိုင်း Software boxလေးပေါ်လာပါမယ်။














 
။ပီးရင် အောက်က Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။

















။ပီးရင် အောက်က Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။















ပုံထည့်ပါ။ပုံထည့်ပီးရင် အဲအကွတ်လေးမှာ သူငယ်ချင်းတို့ ထည့်တဲ့ ပုံပေါ်နေပါလမ့်မယ်။အနော်ကတော့  အနော့အတဲလေးပုံ
ထည့်ထားတယ်........:D ။အောက်ကပုံ အတိုင်းဖြစ်နေရပါမယ် ။




















ပုံထည့်ပီးရင် Apply ဆိုတဲ့ အကွတ်လေးကို ကလစ်လိုက်ပါ ။အောက်ကပုံလို box လေးပေါ်လာရင် okပေးလိုက်ပါ ။ဒါဆို ပီးပါပီ ။

ကပ်လျက်အောက်မှာရှိတဲ့  (About နဲ့  Restar Exploer)
ဆိုတဲ့ ၂ကွတ်ကတော့ နှိပ်ဖို့ မလို အပ်ပါဘူး ။နှိပ်လဲ ဘာမှ မဖြစ်ဘူး သိချင်ရင်တော့ စမ်းကြည့်ပေါ့ ။အားလုံးပီးရင် အပေါ် Menu
ကြက်ခြေခတ်လေးကနေ ဆော့ဝဲလ်ကို ပိတ်လိုက်လို့ ရပါပီ ။ပီးရင် Folder လေးတခုပေါ် Right Clickထောက်ကြည့်လိုက်ရင်
သူငယ်ချင်းတို့ ထည့်ထားတဲ့ ပုံလေးကို မြင်နေရမှာပါ ။အောက်မှာ ကျနော်ထည့်ထားတဲ့ ပုံလေးကို Right Click လုပ်ရင်ပေါ်တဲ့
ပုံလေးပါ ။

ထည့်ထားတဲ့ ပုံမကြိုက်လို့  နောက်ထပ်ပုံပြောင်းချင်တယ်
ဆိုလဲ ဆော့ဝဲလ်လေးကို အပေါ်ကပြောထားတဲ့ အတိုင်း ပြန်ဖွင့် Browse Image ကိုကလစ်ပီး စိတ်ကြိုက်ပုံပြောင်းထည့်
ပီးရင် Apply ပေးလိုက်ရုံပါပဲ ။ကဲ....ဒါဆို အားလုံး အိုကေသွားပါပီ ။ပုံထည့်ရင် အရောင်ဖြော့တဲ့ ပုံလေးတွေထည့်ရင် ပိုလှမှာပါ ။
ရှင်းတာ ရှင်းပြတာ ကိုယ့်ဘာကိုယ်လုပ်တတ်မယ်လို့ ထင်ပါတယ် ။ကျနော်ရှင်းပြတာမှ ပိုရှုပ်နေမလား မတိဝူး ..........:D ။
။ဒေါင်းဖို့ အောက်မှာ Link၂ခုပေးထားပါတယ် ။

ဒီမှာက mediafire နဲ့ဒေါင်း

ဒီမှာက zshare.net နဲ့ဒေါင်း

 ဆော့ဝဲလ်လေးက Portable ဆိုတော့ သုံးရတာ ပေါ့ပါးတာပေါ့ဗျာ ။ဒေါင်း၇တာလဲ မကြာပါဘူး ။
နက်ကောင်းရင် ၁ မိနစ်လောက်နဲ့ရတယ် ။မကောင်းရင်တော့ ၅ မိနစ်လောက်ပေါ့ ။
အားလုံး ပဲ ကြိုက်ကြမယ် အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

ခန်းခြောက်နေသော ကွင်းပြင်

အမှောင် ကြားမှာ
အလင်းရောင်ပျောက်ရှသူ။
နှလုံးသာတွေ ပေါများတဲ့
ဒေသမှာ အချစ် ကန္တာရထဲ ရောက်သူ။
မေတ္တာကို ဦးထိပ်ထားတဲ့
ဒေသမှာ မေတ္တာငတ်သူ။

ဘယ်သူရှိမလဲ
ကျနော်ပေါ့ မေတ္တာဓါတ်
ရေစင်သွန်းတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ
မှာ မေတ္တာပျောက်ရှာပုံတော်ဖွင့်
မိုးရွာတဲ့ ဒေသမှာ ရေငတ်နေသူပေါ့။

ကျနော့်အတွက်တော့ အချစ်မိုး
ခေါင်လွန်လှတယ်
ညဉ်နက်တဲ့ ညတွေ မကုန်လွန်
နိုင်တော့ဘူး
ရက်စက်တဲ့ ခွေတွေလဲ မသေ
နိုင်တော့ဘူး
နှလုံးသာမှာ ဓါဒါဏ်ရာ
ပလပွ နဲ့ ပက်ကြားအက်တွေနဲ
ယှက်နွယ်
အမုန်ဓါ နဲ့ ရက်ရက်စက်စက် ထိုးစိုက်
တစ်ခွန်းမ ပြန်မပြောပါဘူး
မင်းအတွက် ပျော်စရာဖြစ်ရင်
ငါ့နှလုံးသာကို ဓါနဲ့ဒင်
မကဘူး ဖျော်စက်ထဲကို
ထည့်ပြီ ရေခဲနဲ့ တစ်စစီ ဖြစ်အောင်
ရော ဖျော်လိုက်ရင်လဲ
အပြူံးမပျက်ပါဘူး
ဆက် ချစ်လျှက်ပါပဲ

မနက်ဖြန်

ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ အဖေက
ကျွန်တော်တို့ရဲ့……………….
ဟိုး …………….အဝေး……………အဝေးမှာ
နူးညံသောသူ့ရဲ့လက်များ
အခုနေခါ ကြမ်းရှမာကျောနေမှာပါ။
ဆီခမ်းမီးခွက်တစ်လုံးရဲ့
ခပ်မိန်မိန် အလင်းရောင်အောက်
တံခါး ဖွင့်မယ့်ခြေသံကိုနားစွင့်ရင်း
အိပ်ရေးပျက်ခဲ့တာ အမေပါ။
အမေ့ရဲ့ နို့ပိန်ပိန်တွေနဲ
ညီလေးငယ်ကို အငိုတိတ်စေခဲ့တယ်
အဖေ…….ပြန်မတွေ့ရနိုင်ပင်မယ့်လည်း
အမြဲတမ်း နှလုံးစွဲထင်
ဦးထိပ်ပန်ဆင် ရှိဆဲပါ အဖေ။………………………

မုန်တိုင်းကြားက ပန်း

စနစ်ဆိုးကို တော်လှန်ဖို့
ကြယ်စင်တွေမြေ ခ
မိုးမခ ကိုသက်သေတည်လို့
နောက်ကြောင်း မလှည်.....စတမ်း
တော်လှန်းရေးနယ်ထဲ
ကြယ်စင်တွေရောက်ခဲ့ ပေါ့

ဟိုး........အဝေးကတောင်တန်းပြာဟာ
ငါတို့ဌာနေ ပေါ့
အခုတော့လည်း သွေးတွေနဲ့
မျက်ရည်တွေနဲ့ ၊ ရမ်းငွေ့တွေနဲ့
အော်ဟစ်ငိုသံတွေနဲ့၊ ငြီးတွားသံတွေနဲ့
ပြည့်နက်နေတဲ့ တိုင်းပြည်ပေါ့

အမှန်းတရား ကို မြတ်နိုးသူနဲ့
အာဏာကို လက်ကိုင်ထားသူတို့
သေနတ်ကို ဆွဲ ၊ တိုက်တဲ့ပွဲမှာ
အနာဂါတ်အတွက် ထွန်းမဲကြယ်တွေ
မြေဇာပင် ဖြစ်ခဲ့ပေါ့

မုန်းတိုင်းလည်းထန်၊လှိုင်းကလည်းပြင်
ယမ်းငွေ့တွေဝေတဲ့ ပင်လည်ပြင်မှာ
ငါတို့တွေ မွေးဖွားခဲ့ပေါ့
မွေးရပ်ဌာနေ အတိအကျ မရှိ
အိမ်းဆိုလို ဝါးနဲ့သစ်နဲ့ ပဲ
နေဖူးခဲ့ တယ်.........................

ငါတို့ဘဝတွေ အရိုင်းပန်းလို
ဖြစ်ခဲ့ပေါ့
ဒါပေမယ့်လည်း
ငါတို့တိုင်းပြည် အတွက်ပွင့်လန်း တဲ့
ပန်းတွေ
နိုင်ငံအတွက် မျိုးဆက်ပန်းတွေ
တစ်နေ့ နိုင်ငံအတွက် ထွန်းတောက်မဲ့
ကြယ်တွေပေါ့...........................

GTalk ကို Skin လှလှလေးနဲ့သုံးရအောင် GTalk ကို Skin လှလှလေးနဲ့သုံးရအောင်

မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့
၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။
၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။
၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။
၎။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ
၁ . ပန်းရောင်လေးကို ဒီနေရာမှာ သွားဒေါင်းပါ ၊၊
၂ . အစိမ်းရောင်လေးကို ဒီနေရာမှာ သွားဒေါင်းပါ ၊၊
၃ . ရိုးရိုး ဂျီတော့ က ဒီနေရာမှာ သွားဒေါင်းပါ ၊၊
အနက်ရောင်လေးကိုတော့ နောက်များမှ ထပ်တင်ပေးပါ့မယ် ၊၊
မှတ်ချက်။ ။ အမြဲတမ်း အသုံးပြုချင်ပါက ဒေါင်းလုပ်ချထားသော googletalk.exe အား copy လုပ်၍ “C:\Program Files\Google\Google Talk” ဖိုဒါထဲကို ၀င်လိုက်ပါ … ဖိုဒါထဲရှိ မူလ googletalk.exe အား delete လုပ်ပြီး copy ယူလာသောဖိုင်အား paste လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်….။
ပြန်လည်ပြုပြင်ခြင်း၊၊  ၊၊အစိမ်းရောင်လေးနော်   ကိုယ်ကြိုက်တဲ့ဖိုင် ထဲကသွားဒေါင်းပေတော့ ပန်းရောင်လေးနော်

သင်နှစ်သက်သော ဆိုဒ်မှ သင်လိုချင်သော ကုဒ် များရယူနည်း(ခိုးနည်း)

ယခုဖေါ်ပြပေးမဲ့ ဟာလေးကတော့ ဆိုဒ် တစ်ခုခု မှာကိုယ်သဘောကျတဲ့ကုဒ်တွေကိုတွေ့  ရင်လိုချင်တယ် ဒါပေမဲ့ အဒ်ဒ်မင်း ဆီမှာတောင်းရင်လဲမပေးဘူး ..ဒီတော့ ကိုယ့်ဘာသာဘယ်လို ယူရမလဲ ဆိုတာလေးကို ရှင်းပြပေးမှာပါ ၊၊ ကုဒ်တွေကို အလွယ်တကူရယူနည်းလေးပါပဲဖြစ်ပါတယ် .... သီပြီးသူတွေလဲ တော်တော်များပါတယ် မသိသေးတဲ့သူကပိုများမယ်ထင်ပါတယ် ....
ဒီလို သူ များဆိုဒ်ကကုဒ်လေးကို ခိုးပြီး နင့်ဆိုဒ်ကို ငါ စိတ်ကြိုက်ဟတ်လို့ ရတယ် တွေ့ လား နင့်ဆိုဒ်က ကုဒ်တွေ ဆိုပြီးဖီးတဲ့လူကလဲရှိသေး
သိပြီးသားသူတွေအတွက် အရမ်းရီချင်စရာပါ ၊ မသိသေးသူတွေကတော့ ဟာ ~~~~~~ဟုတ်လား ဘာညာနဲ့ ကြောက်နေတော့တာပဲ  (ခိခိ
သား လဲတစ်ခါခံခဲ့ဖူးတယ်လေ ရှူး တိုးတိုး သူများတွေကိုပြန်မပြောနဲ့ နော်  ဟီးးးးးးးးး )
ကဲစရအောင်နော် ... မစခင်တစ်ခုတော့ပြောထားမယ်နော် ကုဒ် တွေဖတ်တတ်ဖို့ တော့လိုမယ်နော် ဒါ မှ ဒီကုဒ်က ဘာအတွက် လဲ ဒီကုဒ်လေးက ဘာလဲ ဆိုတာခွဲခြားနိုင်မှာလေ ....ဟုတ်ပြီနော် စမယ်
ပထမ သင်အလိုရှိတဲ့ သင်ယူချင်တဲ့ ဆိုဒ်တစ်ခုခု (google စာမျက်နှာလဲရတယ်) စာမျက်နှာပေါ်ကို မေါက် ကိုထောက်ထားပါ ... ပြီးရင် (ယာ) ကလစ်တစ် ချက်ပေးလိုက်ပါ ... အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်


အပေါ်ကပုံ မှာအနီ နဲ့ ဝိုင်းပြထားတာလေးကိုနိုပ်လိုက်ပါ .... အောက်ကပုံအတိုင်း ထပ်ပေါ်လာပါလိမ့်မယ်
ကဲပေါ်ပါပြီ ကုဒ်တွေ သင်လိုခြင်တဲ့ကုဒ်တွေကို လိုက်ရှာပြီးယူပေတော့
အကယ်၍ တစ်ခုချင်းစီ မှတ်ပြီးမှယူချင်ရင် အောက်ကပုံထဲကအတိုင်း မှတ်ပြီး ယာ ကလစ်တစ်ချက်ကလစ်လိုက်ပေါ့
ကဲလွယ်တယ်မလား  .... ကောင်းကောင်းကြီးခိုးနိုင်ကြပါစေ ... ခိုးလို့ မရတဲ့ကုဒ်တွေလဲရှိတယ်နော်

မလိုလားအပ်တဲ့ ဖိုင်တွေကိုရှင်းရင်း စက်ပေါ့ပါးအောင်လုပ်နည်း (ဆော့ဝဲမလိုပါ)

ခုတင်ပေးမဲ့ နည်းကတော့ အရမ်းလွယ်ပါတယ် ပုံနဲ တကွရှင်းပြပါ့မယ်...မသိသေးသူတွေအတွက် သီးသန့် သိပြီးသူတွေတော့အော် ဒါလေးများဟင်းးး လို့ ပြောလို့ ရပါတယ် ဟီးးးးးးးး....
ကဲစမယ်နော်
၁ . windows +R ကိုနိုပ်ပေးပါ မလုပ်တတ်ရင် start ကိုဝင် ပြီးရင် RUN ကိုနိုပ်

၂ . အဲလိုပေါ်လာပြီဆိုရင် temp ကိုရိုက်ပြီး ok သို့ မဟုတ် Enter ကိုရိုက်လိုက် အောက်ပုံ ကိုကြည့်ပြီးရင်
၃ .  ၀င်းဒိုး လေး ပေါ်လာလိမ့်မယ် အဲထဲမှာရှိတာတွေ အားလုံး ကို Delete လုပ်ပစ်လိုက်ပါ ရဲရဲသာလုပ်ဘာမှမကြောက်နဲ့ 
အောက်ပုံကိုကြည့်ပါပြီးရင် အဲဒီဝင်ဒိုးလေး ကို ပြန်ပိတ်လိုက်တော့ မလိုအပ်တော့ဘူးနောက်ထပ်
၎ . အပေါ်က နံပတ် ၁ အတိုင်း windows +R ကိုနိုပ် လုပ်ပေးနဲ့  ပေါ်လာတဲ့ RUN ဘုတ်မှာ %temp% ကိုရိုက်ပေးလိုက်ပါ ပြီးရင် ok  သို့  Enter ပေါ့  .. ပေါ့ကပုံ အတိုင်း ထပ်ပေါ်လာလိမ့်မယ်အပေါ် နံပတ် ၃ ကအတိုင်း အဲထဲမှာရှိတာတွေ အားလုံး ကို Delete လုပ်ပစ်လိုက်ပါ လုပ်လို့ ပြီးသွားရင်ပိတ်ပစ်လိုက်
၅ .ပြီးရင် Recycle Bin ကိုဖွင့်လိုက်ပါ အထဲမှာရှိနေတာတွေအားလုံးကို Delete လုပ်ပစ်လိုက်ပါ
ပါ ပြီးပါပြီ ၊၊ နေ့ တိုင်းလုပ်ရင်ပိုကောင်းတာပေါ့ မလိုလားအပ်တဲ့ ဖိုင်တွေက နေ့ တိုင်းရှိတတ်တယ်လေ ...
ကျေးဇူးကမ္ဘာ  ...